Lucky Draw Terms and Conditions
Languages
Languages
English
မြန်မာ
English
မြန်မာ
Terms and Conditions
Boom Cocoa Plus Lucky Draw 2023
Boom Cocoa Plus Lucky Draw တွင် ပါဝင်ကံစမ်းလိုသည့်သူများအနေဖြင့် အောက်ဖော်ပြပါ Terms and Conditions များနှင့်
Privacy Policy
များကို နားလည်သိရှိပြီးဖြစ်ရမည်။
ဖော်ပြပါ Promotion ကာလအတွင်း Boom Cocoa Plus (2) ဗူးဝယ်ယူသူတိုင်း ကံစမ်းမဲ လက်မှတ်ကူပွန် (၁) စောင်ရရှိမည်ဖြစ်သည်။
ပါဝင်ကံစမ်းလိုသူများအနေဖြင့် ကံစမ်းမဲကူပွန်တွင်ပါရှိသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် သိရှိပြီးဖြစ်ရမည်။
Boom Cocoa Plus ဗူး ဝယ်ယူအားပေးသူများအတွက် ကံစမ်းမဲကူပွန် ကဒ်များကို ပြုလုပ်ထားခြင်းသာဖြစ်ပြီး အခြားမည်သည့်နေရာမှ ၎င်းကံစမ်းမဲကူပွန်များအား ထည့်သွင်းထားခြင်းမရှိပါ။
ကံစမ်းမဲကူပွန်တွင်ပါဝင်သည့် အချက်အလက်များကို ပါဝင်ကံစမ်းလိုသည့်သူများသာ ဖြည့်သွင်းသိမ်းဆည်းထားနိုင်ပါသည်။
ကံစမ်းမဲကူပွန်တွင်ပါဝင်သော QR Code ကို Scan ဖတ်၍သော်လည်းကောင်း
https://www.boomiconmyanmar.com/luckydraw
ကို နှိပ်၍သော်လည်းကောင်း ကံစမ်းမဲ Website သို့ ဝင်ရောက်ကာ ပါဝင်ကံစမ်းနိုင်ပါသည်။
ကံစမ်းမဲ ကူပွန်များတွင် Coupon Number ကို ဖော်ပြထားပြီး Security Key ကို ခဲအုပ်ထားပါသောကြောင့် ကံစမ်းလိုသူများအနေဖြင့် Security Key ကိုခဲခြစ်ရယူကာ ဖြည့်သွင်းကံစမ်းနိုင်ပါသည်။
Boom Cocoa Plus ဝယ်ယူအားပေးသူ Customer များ အနေဖြင့် Security Key နေရာတွင် ခဲအုပ်ထားခြင်းမရှိသော ကံစမ်းမဲကူပွန်များသည် ဖြည့်သွင်းထားခြင်း ရှိ/မရှိ ကို စစ်ဆေးရယူနိုင်ပါသည်။
ပါဝင်ကံစမ်းလိုသူများအနေဖြင့် Lucky Draw Campaign Website သို့ဝင်ရောက်သည့်အခါတွင် Profile တစ်ခုရရှိမှာဖြစ်ပြီး ၎င်း Profile တွင်ဖြည့်သွင်း ကံစမ်းလိုက်သည့် အချက်အလက်များကို နောက်တစ်ကြိမ် ပြန်လည်ပြင်ဆင်ခွင့် မရရှိနိုင်သောကြောင့် သေချာအထူး ဂရုပြုရန်လိုအပ်ပါသည်။
ကံစမ်းမဲ ကူပွန်တစ်စောင်လျှင် Security Key တစ်ခုစီ ဖြစ်ပါသောကြောင့် မိမိတို့ ကံစမ်းမဲ Security Key ကို ဖြည့်သွင်းကံစမ်းပြီးလျှင် အခြားမည်သူမျှ ထပ်မံ ၎င်း Coupon Number နှင့် Security Key ကို အသုံးပြု၍ မရနိုင်ပါ။
လူတစ်ဦးလျှင် ကံစမ်းမဲကူပွန် (၅) စောင်အထိသာဖြည့်သွင်းကံစမ်းခွင့်ရရှိရန် ဆောင်ရွက်ထားပါသောကြောင့် တစ်ဦးလျှင် (၅) စောင်နှင့်အထက် ကံစမ်းမဲ ကူပွန်များဖြည့်သွင်း ကံစမ်းခွင့် မရှိပါ။
Boom The iCon Myanmar Company ဖက်မှ အဆိုပါ ဤ ကံစမ်းမဲအစီအစဉ်များအားအကြောင်းပြ၍ မိမိ အကောင့်နှင့် ပတ်သတ်သည့် အကြောင်း အရာများ တောင်းခံခြင်း၊ လျှို့ဝှက် နံပါတ်တောင်းခြင်း၊ OTP များတောင်းခံခြင်း မည်သည့် ကိုယ်ရေးကိုယ်တာ အချက်လက်ကိုမျှ တောင်းခံခြင်း (လုံးဝ) ပြုလုပ်မည် မဟုတ်ပါ။
ကံစမ်းမဲကူပွန် တွင်ပါဝင်သည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်ဖြစ်ပါသည်။
ပေါက်မဲဆုများကို Company ၏ သတ်မှတ် အချိန်ကာလတွင် ကြေညာမဲဖောက်ပေးမည်ဖြစ်ပြီး ပေါက်မဲဆု၏ ကံစမ်းမဲကူပွန် ကို Company ထံသို့တင်ပြနိုင်မှသာ ဆုလက်ဆောင် ထုတ်ယူရရှိနိုင်ပါသည်။
ဤအစီအစဉ်၏ ရည်ရွယ်ချက်မှာ Boom Cocoa Plus ကို ဝယ်ယူအားပေးသူ မိဘပြည်သူများအား ကျေးဇူးတုန့်ပြန်ပေးလိုသည့် ရည်ရွယ်ချက််ဖြင့် လုပ်ဆောင်ခြင်း ဖြစ်သည်။
Lucky Draw Campaign နှင့် ပါတ်သက်ပြီး အခြား သတင်းအချက်အလက်များကို Boom The iCon Myanmar ၏တရားဝင် Facebook စာမျက်နှာ Page တွင်ကြေညာပေးသွားမည်ဖြစ်ပါသည်။
Boom The iCon Myanmar ၏ ရုံးချုပ်ဖက်မှ ဆုထုတ်ယူရန် အကြောင်းပြချက်ဖြင့် မည်သည့် ငွေကြေးများတောင်းခံခြင်းမရှိပါ။
Boom Cocoa Plus Lucky Draw ကံစမ်းမဲ ကူပွန်များကို Boom Cocoa Plus (2) ဗူး ဝယ်ယူသူများသာ ကံစမ်းခွင့်ရှိပြီး ကံစမ်းမဲကူပွန်များကို ရောင်းဝယ်ခြင်း/ အလွဲသုံးစားပြုလုပ်ခြင်း/ မသမာသောနည်းလမ်းများဖြင့် ဆောင်ရွက်ထားခြင်း/ ပြုပြင်ပြောင်းလဲထားခြင်းများကို သိရှိစုံစမ်း ရှာဖွေတွေ့ရှိပါက Company ၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်သည်။
ကံစမ်းမဲ ရလဒ်များကို မဲနှိုက် ကြေညာမည့်ရက်အား Company ဖက်မှ Q1 2024 တွင် ကနဦး သတ်မှတ် စီစဉ်ထားပါသည်။
အသေးစိတ် အချက်အလက်များအတွက် Boom The iCon Myanmar Facebook စာမျက်နှာ၏ Page Message မှသော်လည်းကောင်း နီးစပ်ရာ Boom အရောင်းကိုယ်စားလှယ်များထံတွင်သော်လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါသည်။
Boom Cocoa Plus Lucky Draw 2023 ကံစမ်းမဲအစီအစဉ်ကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်နေ့မှ စတင်မည် ဖြစ်သည်။